ဟင်္သာတမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပြိုကျမှုဖြစ်ပွား

ဟင်္သာတ မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၅ လုံးပျက်စီးခဲ့ပြီး သစ်ပင်များ ပြိုလဲခဲ့သည်။

အဆိုပါ လေပြင်းဘေးကြောင့် ဟင်္သာတမြို့နယ်အတွင်း ရှိ တလုတ္ထော်မြို့ အမှတ် ၅ ရပ်ကွက်၊  ငါးဖားအုပ်စုနှင့် ဂျိုးဂေါင်းကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာအုပ်စုနှင့် ချောင်းဖျားကြီးကျေးရွာအုပ်စု တို့တွင် လူနေအိမ် ၃ လုံး ပြိုကျပျက်စီးခဲ့ပြီးနေအိမ် ၂ လုံးမှာ အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ပြီး သစ်ပင်အချို့ ပြိုလဲခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်များကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက အမြန်ဆုံးဖယ်ရှား ရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)