မော်လမြိုင်ကျွန်း မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လတ်တလောအပူချိန်မြင့်မားမှုကြောင့် သောက်သုံးရေလိုအပ်လျက်ရှိသည့် မြို့နယ်အတွင်း ကျေးရွာ (၅)အုပ်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများမှ မေလ (၈)ရက်နေ့ နေ့လည်ပိုင်းက သောက်သုံးရေများ လိုက်လံဖြန့်ဝေပေးလျက်ရှိသည်။
သောက်သုံးရေဖြန့်ဝေပေးရာတွင် လှိုင်းဘုန်းကျေးရွာ၊ အလယ်ရေကျော်ကျေးရွာ၊ ကြက်ရှားကျေးရွာ၊ ကဇောင်းကျေးရွာ၊ ရေတွင်းကုန်းကျေးရွာစသည့် ကျေးရွာနေ ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာဝန်ရှိသူများက သောက်သုံးရေဂါလံ (၁၉၅၁၅) အား ရေသယ်ယာဥ်များဖြင့် လိုက်လံဖြန့်ဝေပေးခဲ့သည်။
ထိုသို့ သောက်သုံးရေများ ဖြန့်ဝေပေးရာသို့ မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်ပါ၍ လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန် /ဆက်)