ဟင်္သာတ မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ ပြုလုပ်သော ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ၊ တောင်သူဦးမောင်ရှင်၏ ကွင်းအမှတ် ၁၂၆၇၊ ဦးပိုင်အမှတ် ၆၅/၁၊ လယ်မြေဧရိယာ (၆) ဧကနှင့် ဇရပ်ကွင်းကျေးရွာအုပ်စု၊ သင်္ကန်းတောကျေးရွာရှိ တောင်သူ ဒေါ်အေးငြိမ်း၏ ကွင်းအမှတ် ၁၂၄၅၊ ဦးပိုင်အမှတ် ၂၄/၁၊ လယ်မြေဧရိယာ (၅)ဧကတို့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲတွင် ဟင်္သာတခရိုင်ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးက တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်း များ၊ မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော် စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံလျှော် မြေခံစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်စေရေး၊ မိုးစပါးကြဲခင်းများ ပပျောက်စေရေးနှင့် Drum Seeder အစေ့ချကိရိယာများဖြင့် စိုက်ပျိုးနိုင်ရေး ကိစ္စများဆွေးနွေးပြောကြားပြီး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထည့်သွင်းစိုက်ပျိုးမည့် တောင်သူများသို့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် ခရိုင်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တောင်သူ များထံသို့ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ကာ ဒေသခံတောင်သူများနှင့် အတူ ပိုက်ဆံလျော်မျိုးစေ့များ ကြဲပက်စိုက်ပျိုး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)