မန္တလေး မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရီမာလာအရှေ့ကွက်၊ ၈၆×၂၅ လမ်းထောင့်တွင် ယနေ့နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်းအရ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးထက်ဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး၊ မီးငြိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၁ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် ဒေါ်နန်းခမ်းထွေး ပိုင်ဆိုင်သည့် “လမင်းသမီး” ရတနာရွှေဆိုင်၏ RC (၃)ထပ်တိုက်၊ အပေါ်ဆုံးအလွှာ အခန်းအတွင်းရှိ Air-con မီးဖြတ်စက် အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် အခန်းအတွင်းရှိ Air-con တစ်လုံး ပျက်ဆီးဆုံးရှုံးခဲ့ရာ အမှတ်(၅)မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ဆောင်ရွက်သွာမည်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)