ခိုလမ်မြို့တွင် တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ခိုလမ် မေ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သစ်တောဦးစီးဌာနမှ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ဟိုက်လိုက်ကျေးရွာအုပ်စု၊ (၂၉)မိုင်ကျေးရွာရှိ ဘုရားကျောင်းတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လွိုင်လင်ခရိုင်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်မင်းအောင်မှ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းများမပြုလုပ်စေရေး၊ ရေချွေတာသုံးစွဲရေးနှင့် ရွှေ့ပြောင်းတောင်ယာချဲ့ထွင်မှုမပြုရေးနှင့် ခိုလမ်မြို့တောအုပ် ဦးထွန်းဦးမှ ရာသီဥတုအပူရှိန်မြင့်တက်လာမှုကို လျော့နည်းစေရန် ပြည်သူများအနေဖြင့် သစ်ပင်များကိုစိုက်ပျိုးကြရန်နှင့် သစ်တောဦးစီးဌာနမှ ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်းစသည့် အသိပညာပေးအကြောင်းအရာများကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ပြည်သူများမှ သိရှိလိုသည့် အကြောင်းအရာများကိုမေးမြန်းရာ တာဝန်ရှိသူမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နေလင်းထွန်း (ပြန်/ဆက်)