ရေတာရှည်မြို့နယ်၌ စံကွက်ရိတ်သိမ်းပွဲကျင်းပ

ရေတာရှည် မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ဘိုးတော်ကုန်းကျေးရွာ၌ ယနေ့နံနက်ပိုင်းက လယ်မြေကွင်းအမှတ်(၅၃၀-ခ) တောင်သူဦးမျိုး၏ ဗျော့ထွန်းစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်း၌ စံကွက်ရိတ်သိမ်းပွဲကျင်းပသည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး​ရေးကြီးကြပ်မှုအဖွဲ့၊   ဒေသခံတောင်သူများတက်ရောက်ကာ စပါးရိတ်ခြွေစက်ဖြင့် နွေစပါးစံကွက်ရိတ်သိမ်းနေမှုများအား ကြည့်ရှုကြရာ တစ်ဧကလျှင် စပါးတင်းအစို ၁၁၄ ဒသမ ၄ တင်း ထွက်ရှိကြောင်း သိရသည်။

ရေတာရှည်မြို့နယ်အနေဖြင့် နွေစပါးစိုက်ပျိုးမှုကို ဆွာမြို့၊ သာဂရမြို့၊ မြို့လှမြို့နှင့် ရေနီမြို့တို့တွင် ကျေးရွာအုပ်စုများအလိုက် စိုက်ပျိုးကြပြီး ယခုနှစ် နွေစပါးစိုက်ပျိုးမှု ဧကပေါင်း ၁၉၈၈၄ ဧက စိုက်ပျိုးထားလျက်ရှိသည်။ စိုက်ပျိုးသည့် စပါးမျိုးများအဖြစ် နယူးဧရာ -၁၊ အထွက်ကောင်းမျိုးများဖြစ်ကြသည့် နှံကောက် ၊ ရက် ၉၀ ၊ ဗျော့ထွန်း ၊ ဆင်းသုခ ၊ မှော်ဘီ -၃ ၊ နယူးဧရာ(၁၂)နှင့် အဆင့်မြင့်မျိုးများအဖြစ် ပြည်တော်ဝင်၊ ကောက်ညှင်းမွှေးစသည့် စပါးမျိုးများကို တောင်သူ(၆၆၂၈)ဦးက စိုက်ပျိုးထားလျက်ရှိကာ မျိုးစေ့ထုတ်စိုက်ဧကပေါင်း(၂၀၀)ကျော်ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စနစ်တကျ စိုက်ပျိုးထားလျက်ရှိပြီး ယခုအခါ စပါးရင့်မှည့်ချိန်ရောက်ပြီဖြစ်၍ ရိတ်သိမ်းရောင်းချမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်