ဒဂုံ မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဒဂုံမြို့နယ်ရုံးမှဦးစီးအရာရှိဦးရဲစွာဝင်းနှင့်ဝန်ထမ်းများသည် ယနေ့နံနက်(၉)နာရီအချိန်က ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ဧည့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် နိုင်ငံသားပြုခွင့်ရသူကတ်ပြားကိုင်ဆောင်ထားသည့် မည်သူမဆိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ထိုသို့ဆောင်ရွက်ခြင်းကို (၂၆-၆-၂၀၂၃)နေ့မှ စတင်ကောက်ယူခဲ့ရာ ယနေ့ထိ(၁၃၄၁၃)ဦး၏ Biographic Data များကို ကောက်ယူပြီးစီးပြီဖြစ်ပါကြောင်းနှင့် Biometric Data ကောက်ယူခြင်းလုပ်ငန်းကို ဒဂုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာနတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုးခိုင်(ပြန်/ဆက်)