Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာပေါင်းမြို့နယ်တွင် လေးပြင်းတိုက်ခတ်၍ နေအိမ်ပြိုကျပျက်စီးခဲ့သည့် မိသားစုအား ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေ ပေးအပ်
Jul 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ထန်းတပင် ကျေးရွာအုပ်စု၊ သံပရာချောင် ကျေးရွာတွင် ဇူလိုင်လ ၇ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ပေးအပ်ခဲ့သည်။ မိုးသက် လေပြင်းတိုက်ခတ်၍ ပြိုကျပျက်စီးခဲ့ရသည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်(၁)စုရှိ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာတန်ဖိုး(၁၅,၀၀၀)ကျပ် ပေါင်းငွေ(၁၁၅၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)ပုံးတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးကိုတို့က ဘေးသင့်မိသားစု၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများပေးအပ်ခြင်း ကွင်းဆင်းဆောင်ရွက်
Jul 17,2025
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အေးကျန့်အုပ်စု၊ ပါလောင်းကျေးရွာတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ပါလောင်းကျေးရွာ သူကြီးအိမ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 17,2025
ကျောင်းသားလူငယ်များ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို မှတ်သားသိရှိနိုင်စေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအောင်ဆန်းခန်းမ၌ ဇူလိုင်လ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကလေးငယ်များအား ဖြည့်စွက်စာကျွေးခြင်း အကျိုးကျေးဇူးများ အသိပညာပေးဟောပြောခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေ…
Jul 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒေသခံပြည်သူများအနေဖြင့် အစာအာဟာရမျှတစွာစာသုံးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်ခြင်း အထောက်အကူရရှိစေရန်အတွက် ဖြည့်စွက်စာစားသုံးခြင်းအကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် မိုးရာသီကာလများ၌ ဖြစ်ပွားမှုနှုန်းများသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်း
Jul 17,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာများသို့ အပတ်စဉ် ကွင်းဆင်း၍ ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်၌ အမှတ် (၄) ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၌ မြေလမ်းမှကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Jul 17,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ နောင်မြလွဲကျေးရွာအုပ်စု၊ ရေပူ - ထီးဖိုးကိန်-နောင်မြလွဲ ကျေးရွာချင်းဆက်လမ်း မြေလမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြေလမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) အစည်းအဝေးခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jul 17,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) အစည်းအဝေးခန်းမတွင် ဝန်ထမ်းများ၏ လိုက်နာရမည့်စည်းမျဉ်းများကို သိရှိလိုက်နာစေရန်အတွက် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၃၅၀)ဦးအား သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့…
Jul 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ သွားနှင့်ခံတွင်းရောဂါများကင်းဝေးစေရန်ရည်ရွယ်၍ After Lunch tooth brushing activity (နေ့လည်စာစားပြီး သွားတိုက်ခြင်း) လှုပ်ရှားမှုအစီအစဉ်ကို ဇူလိုင်လ ၁၅ ရက်နေ့နံနက် ၉ နာရီမှစတင်ကာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လေးထောင့်ကန်ရပ်ကွက်ရှိ သီရိမင်္ဂလာရွှေဘုံဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
818
Page
819
Page
820
Page
821
Current page
822
Page
823
Page
824
Page
825
Page
826
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department