အမြို့မြို့အနယ်နယ်သတင်းများ

Jul 17,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်မှုကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်စာစောင်၌ ပြသဆောင်ရွက်ခဲ့ပါသည်။
Jul 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ (၁)ရပ်ကွက် အနောက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁၂)နာရီအချိန်တွင် မှော်ဘီ(၁)ရပ်ကွက် အနောက် အခြေခံပညာမှုလတန်းလွန်ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 17,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြပွဲပြိုင်ပွဲများ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 17,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းဆောင်ရွက်မှုကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ(နားအွန်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 17,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးပေးသည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် မျိုးစေ့နှင့်ဓာတ်မြေဩဇာများပေးအပ်ပွဲကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။
Jul 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ကော့သောင်းတပ်နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ လက်‌တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ကော့သောင်းတပ်နယ်ရှိ ဘုရင့်နောင်ခန်းမ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ လူမှု‌ရေးရာဝန်ကြီးဦးသက်နိုင်နှင့် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
Jul 17,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန် မိုးရာသီကာလတွင် စစ်ဆေးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
Jul 17,2025
ပဲခူးတိုင်းဒေသကြီး၊ အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်ရေးတပ်ဖွဲ့စု (ပဲခူး)၊ တပ်ဖွဲ့စိတ် (၂) တောင်ငူမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက်နေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (တောင်ငူ)၌ လူကုန်ကူးမှုအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်သည်။