နည်းပညာတက္ကသိုလ်(တောင်ငူ)၌ လူကုန်ကူးမှုအသိပညာပေးဟောပြောခြင်း ဆောင်ရွက်

တောင်ငူ ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ အမှတ် () လူကုန်ကူးမှုတားဆီးနှိမ်နင်ရေးတပ်ဖွဲ့စု (ပဲခူး)၊ တပ်ဖွဲ့စိတ် () တောင်ငူမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက်နေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (တောင်ငူ)၌ လူကုန်ကူးမှုအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်ရေးတပ်ဖွဲ့စု (ပဲခူး)၊ တပ်ဖွဲ့စိတ် (၂) တောင်ငူမှ ဒုတိယရဲမှူးသန်းနိုင်ဦးက လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ လူကုန်ကူးသူများ အသုံးပြုသည့် နည်းလမ်းများနှင့်ပုံစံများ၊ လူကုန်ကူးခံရသည့် ဦးတည်နိုင်ငံများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအကြောင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို စီမံကိန်းများရေးဆွဲ၍ ဆောင်ရွက်နေမှုများကို အသိပညာပေးဆွေးနွေးပြောကြားပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၆၁)ဦးအား လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)