တာလေမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်း ဆောင်ရွက်

တာလေ ဇူလိုင် ၁၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းဆောင်ရွက်မှုကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ(နားအွန်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာလေမြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အာဇာနည်နေ့အကြောင်းသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာလေမြို့ရုံးမှဝန်ထမ်းများက စာအုပ်စာစောင်များခင်းကျင်းပြသပေးခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များပြသပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)