မှော်ဘီ ဇူလှိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ (၁)ရပ်ကွက် အနောက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁၂)နာရီအချိန်တွင် မှော်ဘီ(၁)ရပ်ကွက် အနောက် အခြေခံပညာမှုလတန်းလွန်ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မှော်ဘီမြို့နယ် အနောက်အခြေခံပညာမှုလတန်းလွန်ကျောင်း တာဝန်ခံဆရာမကြီး ဒေါ်နွယ်နီမိုးကအမှာစကားပြောကြားပြီး ဟောပြောပွဲစတင်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးစန်းဝင်းက အနာဂတ် ကာလ၌ တိုင်းပြည်တာဝန်များအား ပခုံးပြောင်းထမ်းရွက်ကြမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း၊ လူငယ်များအတွက် မှတ်သားလိုက်နာအတုယူနိင်စေရန် ကမ္ဘာကျော်သန်းကြွယ်သူဌေးကြီးလီကာရှင်းရဲ့ မှတ်မှတ်သားသားစကားများစာအုပ်မှ လူတိုင်းမှာလျောက်လှမ်းရမည့် နည်းလမ်းနှစ်သွယ်ရှိပါကြောင်း ပထမတစ်လမ်းက လျောက်ကိုလျောက်ရမည့်လမ်းဖြစ်ပြီး နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်းဖြစ်ပါကြောင်း ကိုယ်လျှောက်ချင်တဲ့လမ်းကို ဖြောင့်ဖြောင့် ဖြူးဖြူးလျောက်လှမ်းနိုင်စေရန်အတွက် အမြဲတမ်းမျော်လင့်ချက်ကောင်းကောင်း ဇွဲကောင်းကောင်းဖြင့် ကြိုးစားအားထုတ်နေရမှာဖြစ်ပါကြောင်း ပြောကြားကာ လူငယ်များအတွက် စာဖတ်ခြင်းခေါင်စဥ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ် စာစောင်များကိုပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူများ စာပေချစ်မြတ်နိုးစိတ်ဖြစ်ပေါ်လာစေရန်အတွက် သုတ/ရသ စာအုပ်၊ စာစောင်များ ပြသဆောင်ရွက်ထားရာ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းဇော်(ပြန်/ဆက်)