ဘီးလင်းမြို့နယ်၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများ ပြုလုပ်

ဘီးလင်း ဇူလိုင် ၁၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြပွဲပြိုင်ပွဲများ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ကိုးဦးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပုံပြင်ပြော၊ ကဗျာရွတ်၊ ပန်းချီစာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ သုတ၊ ရသ စာအုပ်များနှင့် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)