ကျိုင်းတုံ ဇူလိုင် ၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးပေးသည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် မျိုးစေ့နှင့်ဓာတ်မြေဩဇာများပေးအပ်ပွဲကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်-၂ ဦးမင်းညိုတို့က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးပေးသည့် မျိုးစေ့ထုတ်စိုက်ခင်းနှင့် တောင်သူပညာပေးစံပြကွက်များအတွက် ကျိုင်းတုံမြို့နယ်မှ တောင်သူများအား မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများပေးအပ်ရာ တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)