Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာကေတမြို့နယ် ရွှေမြန်မာရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
Jul 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ၃/ရန်ပြေရပ်ကွက်၊ ရွှေမြန်မာရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲက အဆိုပါမြို့နယ် အမှတ် ၃ /ရန်ပြေရပ်ကွက်၊ ရန်ပြေလမ်းမကြီးနှင့် ရန်ပြေ ၂၂ လမ်းထိပ်ရှိ ရွှေမြန်မာရောင်းဝယ်ရေးသမဝါယမအသင်းပိုင် အဆောက်အဦ၌ကျင်းပရာ သာကေတမြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်သီတာဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌဦးလှကြည်နှင့်တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ ရွှေမြန်မာရောင်းဝယ်ရေး သမဝါယမအသင်းအလုပ်အမှုဆောင်များ၊ အသင်းသားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှ၌ ရေဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး ကြိုတင်ကာကွယ်ရေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Jul 21,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ရေဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ဇူလိုင်လ ၂၀ ရက်နေ့ နက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးပွဲ ကျင်းပ
Jul 21,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်နှင့် ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီစဉ်ကျင်းပသည့် ၂၀၂၅ ခုနှစ် မိုးရာသီ တိရိစ္ဆာန်အစာပင် စိုက်ပျိုးပွဲကို ယမန်နေ့က မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်ပန်(အာခါ)ရွာအနီး တောင်သူ ဦးအားပေါက်၏ (ခြံမြေ)မြေနေရာတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်
Jul 21,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် မိုးစပါးစိုက်ပျိုးနည်းကွင်းသရုပ်ပြပွဲနှင့် စံပြဝက်မွေးမြူရေးခြံ ကြည့်ရှု စစ်ဆေး
Jul 21,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အဖော်ထည်ဆောင်ရွက်လျက်ရှိရာ မိုးစပါးစိုက်ပျိုးနည်းကွင်းသရုပ်ပြပွဲနှင့် ယူရီးယားဓါတ်မြေဩဇာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်မြို့၊ ပဒါးညေးကျေးရွာ၊ စက်မှု လယ်ယာစနစ်ကျလယ်မြေ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေး
Jul 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ ပင်စင်လစာငွေများ စတင်ထုတ်ပေး
Jul 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ကာ ပင်စင်အငြိမ်းစားများ၏ ပင်စင်လစာငွေများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်
Jul 21,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ၂၀၂၅-ခုနှစ် ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
742
Page
743
Page
744
Page
745
Current page
746
Page
747
Page
748
Page
749
Page
750
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department