အမြို့မြို့အနယ်နယ်သတင်းများ

Jul 21,2025
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒေသခံပြည်သူများမှာ မိမိတို့၏ခြံ ဝင်းများနှင့် ဉယျာဉ်ခြံများတွင် အလေ့ကျပေါက်ခြင်းနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် သံပုရာပင်များမှ သံပုရာသီးများခူးဆွတ် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
Jul 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘဆရာ အသင်းအမှုဆောင်အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသားမိဘများမှစုပေါင်း၍  ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်း၌ ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲကဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Jul 21,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၁ ရက်၊ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၊ စုပေါင်းခန်းမ အသိပညာပေးဟော ပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 21,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အ.ထ.က (၄) ၌ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Jul 21,2025
ပြည်နယ်အတွင်းမှ ထူးချွန်ထက်မြတ်သည့် ရွက်ပုန်းသီးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဖူဆယ်ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်း အဆင့်အတန်းမြင့်မားစွာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိစေရေး ရည်ရွယ်ကျင်းပသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
Jul 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jul 21,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ ယနေ့ (၈) ကြိမ်မြောက်သင်တန်းကို ဇူလိုင် (၁) ရက်မှ ဇူလိုင် (၂၆) ရက်နေ့အထိ နေ့စဥ် နံနက် (၉) နာရီမှ ညနေ (၃) နာရီအချိန်အထိ ရှမ်းပွဲရပ်ကွက် ရွှေမုဋ္ဌောဘုရား မဟာအတုလဝေယံဘုံမ်မြင့်အတွင်း၌ သင်တန်းဆက်လက် ပို့ချပေးလျက်ရှိသည်။
Jul 21,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း (ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။