အမြို့မြို့အနယ်နယ်သတင်းများ

Oct 27,2025
ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ တောင်ကြီးမြို့၊ အဝေရာကုန်းသာယာမှာ ၈ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
Oct 27,2025
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲကြီးသီးနှံ ၅၈၀ ဧကထိ စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Oct 27,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့်ပန်းတောင်း-ဒေါင်းမြတ်နားလမ်း မိုင်တိုင်(၂/၅ မှ ၃/၀)အတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူကာ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Oct 27,2025
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) Installation ပြုလုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီကကျင်းပသည်။
Oct 27,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့်စာအုပ်စာစောင်၊နံရံကပ်စာစောင်ပြပွဲကို အောက်တိုဘာ ၂၇ ရက်နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ညောင်အိုင်၌ ကျင်းပသည်။
Oct 27,2025
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ (ဌာနအစီအစဉ်) ဖြင့်  နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့် မျိုးစေ့များပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
Oct 27,2025
 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ပြည်တွင်းအခွန်ဦးစီးဌာနမှ ကျင်းပပြုလုပ်သော အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီကမြို့ တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။