ကျောက်ဆည် မေ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ ယနေ့နံနက်ပိုင်းက အထွေထွရောဂါကုပြည်သူ့ဆေးရုံကြီးမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား အခြေခံစားသောက်ကုန် ၆ မျိုးအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းနှင့် အသားငါးဒိုင်များပူးပေါင်း၍ စားအုန်းဆီတစ်ပိသာလျှင် ငွေ ၈၈၀၀ ကျပ်၊ ဝက်သားတစ်ပိဿာ ငွေ ၂၆၀၀၀ ကျပ်၊ အမဲသားတစ်ပိဿာ ငွေ ၂၅၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာ ငွေ ၂၈၀၀၀ ကျပ်၊ ကြက်သားတစ်ပိဿာ ငွေ ၁၈၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ငွေ ၂၅၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် ၈၇ ဦးကျော် လာရောက်ဝယ်ယူခဲ့ကြောင်း သိရသည်။
သက်မောင်