အမြို့မြို့အနယ်နယ်သတင်းများ

May 24,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် အခြေခံပညာမူလတန်းပြဆရာ၊ ဆရာမ များအား အင်္ဂလိပ်စာအရည်အသွေး တိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်ရေးသင်တန်း (Main Course) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉:၀၀) နာရီက မကွေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းပန်းဟေဝန်ခန်းမ၌ကျင်းပရာ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။
May 24,2026
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လိန်းညားကျေးရွာအုပ်စု၊ တောင်လေးကျေးရွာ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ Footboll for School Pogram အရ ကျင်းပြုလုပ်ခဲ့သော ဘောလုံးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က အဆိုပါကျေးရွာဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 24,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် EM ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့မအုပ်စု၊ အမှတ်(၃) ရပ်ကွက်၊ နည်းပညာပြန့်ပွားရေးစင်တာ၌ ကျင်းပပြုလုပ်သည်။
May 24,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
May 24,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရေးနှင့် ဆေးရုံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၂ ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 24,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုအနေဖြင့် VDP စီမံကိန်းဖြင့် ကျောင်းကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
May 24,2026
‎ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဒုတိယဝန်ကြီး ဒေါက်တာထိန်လင်းဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ဖြူမာဝေတို့အဖွဲ့သည် ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က သန်လျင်ခရိုင် ဥပဒေရုံးသို့ရောက်ရှိပြီး သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးမင်းမင်းလတ်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်ဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဥပဒေအရာရှိများ၊ တာဝန်ရှိသူများတို့မှ ကြိုဆိုခဲ့ကြသည်။
May 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စံပြဧက(၁၀၀)စပါးစိုက်ခင်းအတွင်းရှိ တောင်သူ ဦးမြင့်အောင် လယ်မြေတစ်ဧကတွင် ယမန်နေ့က နွေစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ကျင်းပသည်။