ကျောက်မဲ မေ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ရပ်ကွက်(၁)ရှိ Regency စက်သုံးဆီဆိုင်၌ ယနေ့နံနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြသခြင်းတို့ကို မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုသို့ ကျောက်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဉာဏ်မြင့်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ဆီဆိုင်ဝန်ထမ်းများ တက်ရောက်ကြသည်။
ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိက မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့နိုင်သည့် "191 Application" အသုံးပြုပုံ၊ မီးဘေးကြိုတင်ပြင်ဆင်မှုများနှင့် မီးလောင်ပါက အရေးပေါ်တုံ့ပြန်ရမည့်အချက်များကို ရှင်းလင်းဟောပြောသည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုဖြစ်ပွားပါက ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ဖော်ပြသခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်