နောင်ချိုမြို့နယ်၌ ‌ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

နောင်ချို မေ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ဆိုင်းဘုတ်စိုက်ထူပွဲကို မေလ ၂၃ ရက် နံနက် ၉း၀၀နာရီအချိန်က အမှတ်(၁)အခြေခံပညာ‌အထက်တန်းကျောင်း‌ရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်း၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်အေးအေးသင်း၊ ဒုတိယမြို့နယ်ပညာ‌ရေးမှူးနှင့် တာဝန်ရှိသူများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာများ၊ ကျောင်းသား၊ ကျောင်းသူမိဘများ တက်‌ရောက်ခဲ့ကြပြီး ကျောင်းအပ်နှံရေးဆိုင်းဘုတ်အား အောင်သပြေခတ်ဖြင့် အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ဆိုင်းဘုတ်စိုက်ထူပွဲအား မြို့နယ်ပညာ‌ရေးမှူးရုံးတွင်လည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း‌တွင်လည်းကောင်း၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း‌တွင်လည်းကောင်း အသီးသီးစိုက်ထူခဲ့ကြပြီး ယခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)