အမြို့မြို့အနယ်နယ်သတင်းများ

Jul 23,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာ-ထိုင်း ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ 1G1 Hotel အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jul 23,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထက-ခွဲ(အလင်းရောင်)ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၂၂ ရက်မွန်းလွဲပိုင်းက ပြုလုပ်ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအးနွဲ့က ကျောင်းသားကျောင်းသူများအား ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။
Jul 23,2025
နေပြည်တော်စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ရန်အောင်မြင်ဆည် စိမ်းလန်းမြေနေရာ၌ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
Jul 23,2025
ကရင်ပြည်နယ်ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် နောင်ဘိုကြီးကျေးရွာအုပ်စု အထက(နောင်ဘိုကြီး) ကျောင်းအဝင်လမ်းကို ကျောက်လမ်းမှကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
Jul 23,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာနည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲနှင့် မဲပေးစက် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမ၌ ကျင်းပသည်။
Jul 23,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  မုန့်ပေါင်း-‌ ဇော်ဂျီ-ကံကြီး- ရွာသစ်ကျေးရွာချင်းဆက် လမ်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် မြို့နယ်အဆင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။
Jul 22,2025
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး၏ကြီးကြပ်မှုဖြင့် တောင်ငူခရိုင်၊ ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ ယမန်နေ့ည​နေပိုင်းက ဖြူးမြို့နယ် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲအမှတ် (၁၂၇)၌ တရားစခန်းဝင်နေကြသော ယောဂီများအား တိုင်းရင်းဆေးဖြင့် ကွင်း‌ဆင်း‌ဆေးကုသပေးခဲ့ကြောင်း သိရသည်။