လှိုင်းဘွဲမြို့နယ် အထက(နောင်ဘိုကြီး) ကျောင်းအဝင်လမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်

ဘားအံ    ဇူလိုင် ၂၃

ကရင်ပြည်နယ်ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် နောင်ဘိုကြီးကျေးရွာအုပ်စု အထက(နောင်ဘိုကြီး) ကျောင်းအဝင်လမ်းကို ကျောက်လမ်းမှကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၈ ဒသမ ၅၂သန်းဖြင့် လမ်းအရှည် ၀ ဒသမ ၅၆၂မိုင်၊  အကျယ် ၁၄ပေ၊ ဒုခုနစ်လက်မရှိ  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)‌တာဝန် အငယ်တန်းအင်ဂျင်နီယာ(၁) မြို့ပြ ဒေါ်ဝင်းဝင်းသန်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရုံးချုပ်၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာန၊ (ကရင်ပြည်နယ်တာဝန်ခံ)တို့ ဇူလိုင် ၂၂ ရက်က ကွင်းဆင်းစစ်ဆေးကာ လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်ပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)