Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Jul 23,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UID ကတ်များကို နေ့ချင်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက်က မြန်မာ့စီးပွားရေးဘဏ် မိတ္ထီလာခရိုင်ဘဏ်ခွဲတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 23,2025
ပန်းတနော်မြို့အတွင်း နေထိုင်လျက်ရှိသော အများပြည်သူများနှင့် ဆရာ/ဆရာမများ မိမိတို့ ကိုင်ဆောင်အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းများမှတစ်ဆင့် လိမ်လည်ခြင်းများကို သိရှိနိုင်စေရန်နှင့် လိမ်လည်ခြင်းခံရပါက အသိသတိရှိရှိဖြင့် ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ပန်းတနော်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ ဆောင်ရွက်
Jul 23,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက အ.မ.က(မူလွန်) သူဌေးကုန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးမဏ္ဍိုင်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ဘုန်းကြီးကျောင်းသို့ ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း ဆောင်ရွက်
Jul 23,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဝါတွင်းကာလတွင် သီတင်းသီဆောက်တည်မည့် ဆရာတော်/သံဃာတော်များ စိတ်ချမ်းမြေ့စွာဖြင့် တရားဘာဝနာပွားများနိုင်စေရန်အတွက် ပြည်ကြီးမဏ္ဍိုင်မြို့ရှိဌာနဆိုင်ရာများစုပေါင်း၍ ယနေ့နံနက် ၉ နာရီက လေညာငြိမ်းချမ်းကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ပေါ်ရပ်ကွက်များတွင် မိုးတွင်းကာလ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်နေမှုအား တာဝန်ရှိသူမျာ…
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်တို့တွင် မိုးတွင်းကာလ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ယနေ့နံနက် ၈ နာရီ အချိန်မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များက ရေနုတ်မြောင်းများ တူးဖော်နေမှုကို ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းပြည့်မီရေး ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာရောစပ်ကြဲပက်သရုပ်ပြနေမှုအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကြည…
Jul 23,2025
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ မိုးစပါးစိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ မြေသြဇာစနစ်တကျနှုန်းထားမှန်ကန်စွာ ကျွေးမွေးနိုင်ရေး၊ အချိန်ကိုက်သုံးစွဲနိုင်ရေးနှင့် မြင့်မားသောအထွက်နှုန်းစွမ်းရည်ကို သိရှိနိုင်စေသည့် အကျိုးကျေးဇူးများ ရရှိစေရေးအတွက် တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းဂံရိုးကျေးရွာအုပ်စု၊ မင်းဂံရိုးကျေးရွာတောင်သူဦးဗီဂျေး၏ ကွင်းအမှတ်၂၆၂/(က) ဆင်းသုခမိုးစပါး(၆)ဧကစိုက်ခင်းတွင် ယမန်နေ့ နံနက်(၁၁)ခွဲအချိန်က ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာကြဲပက်နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(မန္တလေးတိုင်းဒေသကြီး) တိုင်း/ ခရိုင်/ မြို့နယ် အလုပ်အမှုဆောင်များက စုပေါင်းဝါဆိုသင်္ကန်းကပ်လှူ
Jul 23,2025
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (မန္တလေးတိုင်းဒေသကြီး) တိုင်း/ခရိုင်/မြို့နယ် အလုပ်အမှုဆောင်များနှင့် အသင်းသား၊ အသင်းသူများ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်းအလှူတော်ကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁လမ်း၊ ၇၇လမ်းရှိ ရွှေဘုံသာမြတ်စွာဘုရားဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 23,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၊ အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ) တို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
721
Page
722
Page
723
Page
724
Current page
725
Page
726
Page
727
Page
728
Page
729
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department