မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ အောင်နိုင်ရေးအလံ ပေးအပ်

မိုင်းဆတ် မေ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)အောက် အမျိုးသား၊ ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ မိုင်းဆတ်ခရိုင်ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မည့် လူငယ်ကစားသမားအနေဖြင့် စည်းလုံးညီညွတ်မှုရှိစေရေးနှင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် စည်းကမ်းရှိရှိ ယှဉ်ပြိုင်ကစားကြရန် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အသက်(၂၅)နှစ်အောက် အမျိုးသား၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ အောင်နိုင်ရေးအလံအားပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။

ထို့နောက် တောင်ကြီးမြို့တွင် ကျင်းပမည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ကစားနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ထောက်ပံ့ငွေများပေးအပ်ရာ Old Star အသင်းနာယက ဦးစိုင်းမိုးဇော်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)