အမြို့မြို့အနယ်နယ်သတင်းများ

May 30,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ထားဝယ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်၉နာရီက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
May 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အ‌လုံမြို့နယ်အတွင်းရှိ Indonesian International School နှင့် Thalun  International School International School တို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက  ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
May 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၁၂)ရပ်ကွက် ဓမ္မရိပ်သာ ဘုန်းကြီးကျောင်း၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းအောင် ဦးဆောင်သည့်အဖွဲ့က အမှတ်(၁၂) ရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာတိုင်းရင်းသား လူမျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြေပြင်ကွင်း ဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
May 30,2024
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ အမှတ်(၁)ရပ်ကွက်၊ ကွက်သစ်ရပ်ရှိ တောကျောင်းအနောက်တိုက် ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄-‌၂၀‌၂၅ ခုနှစ်၊ မိုးရာသီ၌ မိုးသီးနှံစိုက်ပျိုးရန် လယ်ယာမြေများ ထွန်းယင်ပြုပြင်ခြင်းဆောင်ရွက်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
May 30,2024
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  အပတ်စဉ်ကြာသပတေးနေ့တိုင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ လသာမြို့နယ် အ​ခြေခံပညာ​ကျောင်းများအတွင်းရှိ​ ကျောင်းသား၊​ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခပ်ခြင်းများ၊ ခြင်​ဆေးဖျန်းခြင်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လသာမြို့နယ်(အ.မ.က-၁)​ကျောင်းနှင့် (အ.မ.က-၂)​ကျောင်းတို့တွင် မြို့နယ်ကျန်းမာ​ရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 30,2024
ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာရရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတရှိခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိပြည်သူများအား သွေးတိုးနှင့်ဆီးချိုရောဂါစစ်ဆေးကုသခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။