သာကေတ မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ ယနေ့နံနက်(၉:၀၀)နာရီတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးလှဘုန်းကျော်၊ ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးဦးဇင်မင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးဒေါက်တာခင်သူဇာစိန်၊ မြို့နယ်ပညာရေးမှူးဒေါ်နန်းနုနုစိန်နှင့်ဆရာ၊ ဆရာမများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ခင်ဝင်းကြည်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက ကျောင်းအပ်နှံရေးတေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်နှံရေး အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ဆက်လက်ပြီး ခရိုင်ပညာရေးမှူးဒေါက်တာခင်သူဇာစိန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်သူတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်ပညာရေးမှူးဒေါ်နန်းနုနုစိန်ကကျောင်းအပ်နှံရေးဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများအားလည်းကောင်း အလှူရှင်များမှ ကျောင်းအပ်နှံရေး အခမ်းအနားဖြစ်မြောက်ရေးနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များအတွက် လှူဒါန်းသည့်အလှူငွေများအား တာဝန်ရှိသူအသီးအသီးမှ ပေးအပ်၊ လက်ခံကြကာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)