Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သုံးခွမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ရှိ အခြေခံပညာသင်ကျောင်းများ စတင်ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ စာသင် ကျောင်းအသီးသီး၌ လှစ်ဖွင့်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်နှင့် အရည်အချင်းအကြောင်း အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်
Jun 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်နှင့်အရည်းအချင်းအကြောင်း အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် က…
Jun 03,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်၍ ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများအား ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျောင်းများစတင်ဖွင့်လှစ်သင်ကြားနေမှုများကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှု၍ တွေ့ဆုံအားပေးခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဇာတ်ညွှန်းပညာ(အခမဲ့)သင်တန်း ဖွင့်လှစ်
Jun 03,2024
စာပေသာမက ရုပ်ရှင်အနုပညာကိုပါစိတ်ဝင်စား၍ ရည်မှန်းချက်ကြီးကာ ဇာတ်ညွှန်းပညာကို သင်ယူချင်သော မျိုးဆက်သစ်များအား စာပေအကျိုးကိုသယ်ပိုးလိုသော အနုပညာဖြင့် ပြည်သူ့အကျိုးပြုစေလိုသော ရည်ရွယ်ချက်များဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ဇာတ်ညွှန်းပညာ(အခမဲ့)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့ နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ် ကွင်းချောင်းကျေးရွာနှင့် တမန်ချောင်းကျေးရွာတို့တွင် သစ်စိမ်းမြေဩဇာကြဲပက်ပွဲ အခမ်းအနားကျင်းပ
Jun 03,2024
ရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကွင်းချောင်းကျေးရွာတွင် မိုးစပါးရေတော်မိုးတော်စိုက်ဧရိယာတွင် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးနိုင်ရေးအတွက် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် မျိုးစေ့ကြဲပက်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကွင်းအမှတ် ၁၀၄၂(ခ)၊ ဦးပိုင်အမှတ် (၁၉/၁)၊ တောင်သူ ဒေါ်တင်အုန်း၏လယ်မြေ(၅.၀၀) ဧကတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းမျိုးသန့်နှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး သစ်စိမ်းမြေဩဇာမျိူးစေ့များကို တောင်သူများနှင့်အတူ စုပေါင်းကြဲပက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်
Jun 03,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ဇွန်လ(၃)ရက် နံနက်ပိုင်းမှ စတင်ကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းပေါင်း (၂၀၀)ကျော်မှ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5941
Page
5942
Page
5943
Page
5944
Current page
5945
Page
5946
Page
5947
Page
5948
Page
5949
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department