ဆင်ပေါင်ဝဲ ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်ပိုင်းက စတင်၍ ကျောင်းများစတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း၌ အခြေခံပညာကျောင်း ၁၄၆ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်း စုစုပေါင်း ၁၄၇ ကျောင်းရှိပြီး အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်း ကျောင်းသား၊ ကျောင်းသူပေါင်း ၁၉၈၄၅ ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်ရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုဘဲ ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အလိုက် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများ အစရှိသည့် ကျောင်းအသုံးအဆောင်ပစ္စည်းများကို သက်ဆိုင်ရာ ဆရာ၊ ဆရာမများက (အခမဲ့) ထုတ်ပေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)