မိုင်းရှူး ဇွန် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာကျောင်းများ ဖွင့်လှစ်နေမှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့ နံနက်(၈)နာရီက လိုက်လံကြည့်ရှုခဲ့ကြသည်။
ယင်းသို့ လိုက်လံကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဖွင့်လှစ်နေမှုအခြေအနေ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ကျောင်းတက်ရောက်မှုအခြေအနေနှင့် ကျောင်းဆောင်များ ကောင်းမွန်မှု ရှိ/ မရှိ၊ ကျောင်းမုန့်စားတန်းများ သန့်ရှင်းမှု ရှိ/ မရှိ လိုက်လံကြည့်ရှူခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)