ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရဲလွန်းကျော်တိုက်နယ်ဆေးရုံတွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

အမရပူရ ဇွန် ၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရဲလွန်းကျော်ကျေးရွာရှိ ရဲလွန်းကျော်တိုက်နယ်ဆေးရုံတွင် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါဆေးရုံးဝင်းအတွင်း ကျင်းပခဲ့သည်။

အဆိုပါစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် အဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့ချစ်နှင့် ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲလွန်းကျော်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက စုပေါင်းပြီး သစ်ပင်များကို စိုက်ပျိုးခဲ့ကြသည်။

ယနေ့စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် သစ်တောဦးစီးဌာနမှ ခရေ၊မယ်ဇယ်နှင့်ကုက္ကိုပျိုးပင် ၆၁ ပင်ကိုပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအပြီးတွင် ရဲလွန်းကျော်တိုက်နယ်ဆေးရုံအတွက် အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အလှူငွေကျပ်တစ်သိန်းကို လှူဒါန်းခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာမန်းကိုကိုက လက်ခံရယူခဲ့ကြောင်း သိရသည်။

စိုးသီဟ