တံတား ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်နှင့်အရည်းအချင်းအကြောင်း အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးဖြူလွင်က လူတိုင်းတွင် ကိုယ်ပိုင်အရည်အချင်းရှိသင့်ကြောင်း၊ လူငယ်များ၏အရည်အချင်းသည် ပတ်ဝန်းကျင်အပေါ်တွင်မူတည်ကြောင်း၊ လူငယ်များသည်အရည်အချင်းရှိမှ လူတော်လူကောင်းများဖြစ်မည်ဖြစ်ကြောင်း၊ ထိုသို့အရည်အချင်းရှိမှ မိမိစိတ်နှင့်မိမိကိုယ်ကိုမှန်ကန်စွာ ထိန်းကျောင်းနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ တံတားမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းမှ လူငယ်တစ်ယောက်၏ အရည်အချင်းကိုသိလိုပါက စွမ်းရည်ကိုကြည့်၍သိနိုင်ကြောင်း၊ ထို့အပြင်ရလဒ်ကို ကြည့်၍လည်းသိနိုင်ကြောင်း၊ လူငယ်တစ်ဦးချင်းစီတိုင်းတွင် ကိုယ်ပိုင်အရည်အချင်းများရှိကြသည်ဖြစ်ကြောင်း၊ အဆိုပါအရည်အချင်းများသည် ကြယ်ပွင့်ကလေးများပမာတူကြောင်း၊ စိန်ပွင့်ကလေးများနှင့်လည်း ကိုယ်စားပြုနိုင်ကြောင်း၊ ထိုသို့ဆိုရခြင်းမှာ လူငယ်တစ်ယောက်၏ ဖန်းတီးနိုင်စွမ်း၊ တီထွင်နိုင်စွမ်းနှင့် အတွေးအခေါ်ကြံဆမှုတို့သည် လွန်စွာတန်ဖိုးရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တံတားမြို့ရုံးအနေဖြင့် ယခုကဲ့သို့ အသိပညာပေးလုပ်ငန်းများဖြစ်သည့် စာဖတ်ဝိုင်းများ၊ Talk Show များ၊ စာအုပ်၊ စာစောင်ပြပွဲများ၊ နံရံကပ်စာစောင်ပြသဆောင်ရွက်ပွဲများကို ပြည်သူများ၊ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားရရှိစေရန် လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးဖြူလွင်(ပြန်/ဆက်)