ဝါးခယ်မ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျောင်းများစတင်ဖွင့်လှစ်သင်ကြားနေမှုများကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှု၍ တွေ့ဆုံအားပေးခဲ့ကြောင်း သိရ သည်။
ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာရေးကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုများကို လိုက်လံကြည့်ရှု၍ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားခြင်း၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးကို အပြည့်အဝ သင်ကြားနိုင်ရေး တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြင့် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ သတ်မှတ်ထားသော်လည်း ကျောင်းစတင်ဖွင့်သည့် မေလ (၃)ရက်နေ့မှ ကျန်ရက်များတွင်လည်း ကျောင်းအပ်လက်ခံခြင်းကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)