သုံးခွမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

သုံးခွ ဇွန် ၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ရှိ အ‌‌ခြေခံပညာသင်ကျောင်းများ စတင်ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ စာသင် ကျောင်းအသီးသီး၌ လှစ်ဖွင့်ကြောင်းသိရသည်။

၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကျောင်းပေါင်း (၁၄၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း၊ စုစုပေါင်း(၁၅၄)ကျောင်းရှိ‌ကြောင်း သိရသည်။ သုံးခွမြို့နယ်တွင် ယမန်နေ့အထိ ကျောင်းအပ်နှံပြီးသူ ကျောင်းသား/သူ (၂၆၄၆၄)ဦးရှိကြောင်းသိရသည်။

ကျောင်းအပ်ရာတွင်လည်း ငွေကြေးတစ်စုံတစ်ရာကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်