ကျောင်းကုန်းမြို့နယ်အတွင်းရှိ ‌အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကျောင်းကုန်း ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့ နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေး ချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးစိုးဝင်း၊ အတွင်းရေးမှူး ရဲမှူး အောင်နိုင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်တို့က အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က (ခွဲ) အောက်ပိုင်းတို့တွင် ကျောင်းသား၊ ကျောင်သူများ အဆင်ပြေချောမွေ့စေရေးနှင့် စာသင်ကြားနေမှုအား ကြည့်ရှု အားပေးခဲ့ကြသည်။

ကျောင်းကုန်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၂)ကျောင်း၊ အ.ထ.က (ခွဲ) (၁၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၄)ကျောင်း၊ အ.လ. က(ခွဲ) (၁၁)ကျောင်း၊ မူလတန်းလွန်‌ကျောင်း (၁၆)ကျောင်း၊ မူလတန်းကျောင်း (၁၂၃) ကျောင်း၊ မ(ခွဲ)(၂)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၃)ကျောင်း၊ ဘက (၂) ကျောင်း၊ စုစုပေါင်း(၁၉၆)ကျောင်းစလုံး ပြန် လည်ဖွင့်လှစ်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)