ဒဂုံတောင် ဇွန် ၃
စာပေသာမက ရုပ်ရှင်အနုပညာကိုပါစိတ်ဝင်စား၍ ရည်မှန်းချက်ကြီးကာ ဇာတ်ညွှန်းပညာကို သင်ယူချင်သော မျိုးဆက်သစ်များအား စာပေအကျိုးကိုသယ်ပိုးလိုသော အနုပညာဖြင့် ပြည်သူ့အကျိုးပြုစေလိုသော ရည်ရွယ်ချက်များဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ဇာတ်ညွှန်းပညာ(အခမဲ့)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စာရေးဆရာအသင်းဒုဥက္ကဋ္ဌ စာရေးဆရာထီလာကျော်က ဇာတ်ညွှန်းပညာသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များပြောကြားပြီး စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာသက်ဝေမောင်က သင်တန်းစည်းကမ်းချက်များပြောကြားကာ အသင်းအမှုဆောင် ဆရာကိုကေအီး(နိဗ္ဗာန်)က မြို့နယ်စာရေးဆရာအသင်းဝင်များနှင့် သင်တန်းသားများအား မိတ်ဆက်ပေးသည်။
ထိုနောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ သင်တန်းနည်းပြစာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာနေစိုးသော်က သင်တန်းသား/သင်တန်းသူများအား ဇာတ်ညွှန်းပညာအကြောင်း မိတ်ဆက်ပြောကြားသည် အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ သင်တန်းသား၊ သင်တန်းသူ(၄၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၄ ခုနှစ် ဇွန်(၂)ရက် တနင်္ဂနွေနေ့မှ ဇွန်(၃၀)ရက်နေ့အထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် ၉ နာရီမှ ၁၂ နာရီအထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်အေး