ချောင်းဆုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ချောင်းဆုံ ဇွန် ၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အခြေခံပညာ(ထက်၊လယ်၊မူ)ကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် သင်ရိုးညွှန်တန်းများ သင်ကြာပို့ချခြင်းကို ဇွန်လ (၂) ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်အထက်ကျောင်းများတွင် ကျောင်းသား/သူများ အေးချမ်းစွာတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၁၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်းတို့တွင် မူလတန်းအဆင့် ကျောင်းသား/သူ(၁၆၈၄၃) ဦး၊ အလယ်တန်းအဆင့် (၄၈၃၄) ဦး၊ အထက်တန်းအဆင့်(၂၀၉၁)ဦး စုစုပေါင်း (၂၃၇၆၈)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မေလ ၂၃ ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)