သရက် ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ နှစ်တစ်ရာပြည့် ရာပြည့် အထိမ်းအမှတ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား၍ အလှူရှင် များမှ အလှူငွေစုစုပေါင်း (၂၁၆) သိန်းကို ပေးအပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကလက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် သရက်-ရန်ကုန်အသင်းမှ ရာပြည့်ပွဲတော်အတွက် ဆုပစ္စည်းများ ဆက်လက်ပေးအပ်ရာ ရာပြည့်ပွဲတော်ကျင်းပရေး ကော်မတီဂုဏ်ထူးဆောင်နာယက ဦးစိုးလှမြင့်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)