ကျောက်တံခါး ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ စာသင်ကြားနိုင်စေရေးအတွက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံတို့အား ကျောင်းအပ်နှံချိန်တွင် တစ်ပါတည်း ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ ကျောက်တံခါးမြို့နယ်တွင် စုစုပေါင်း (၂၃၀) ကျောင်းရှိပြီး (၁၇၈) ကျောင်းဖွင့်လှစ်နိုင်ပြီး (၅၂)ကျောင်းမှာ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်းနှင့် ဇွန်လ (၁)ရက်နေ့ထိ ကျောင်းအပ်နှံပြီးသည့် ကျောင်းသား/ကျောင်းသူပေါင်း (၄၉၁၆၈)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)