ပြည်မြို့၌ အဆင့်မြင့်ပညာဦးစီးဌာန၏ တက္ကသိုလ်/ဒီဂရီကောလိပ်များ စတင်ဖွင့်လှစ်

ပြည် ဇွန် ၃

၂၀၂၄ ခုနှစ် ဇွန် ၃ ရက်တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ တက္ကသိုလ်/ ဒီဂရီကောလိပ်များ စတင်ဖွင့်လှစ်ရာ ပြည်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (ဒုတိယပညာသင်ကာလ)နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (ပထမပညာသင်ကာလ) ဘာသာရပ်အသီးသီးမှ ဘွဲ့ကြို၊ ဘွဲ့လွန်  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါကျောင်းသား၊ ကျောင်းသူများကို ပြည်တက္ကသိုလ်တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက နွေးထွေးစွာကြိုဆိုကြပြီး ဘာသာရပ်အသီးသီး၌ သင်ကြား၊ သင်ယူမှုများဆောင်ရွက်လျက်ရှိကာ ပြည်တက္ကသိုလ်၏ ဘာသာရပ်ပေါင်းစုံစာသင်ဆောင်များနှင့် နေရာအသီးသီးတို့တွင်လည်း ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများဖြင့် စည်ကားလျက်ရှိ‌ကြောင်း ယင်းတက္ကသိုလ် မှသိရသည်။

ကိုဆက်(ပြန်/ဆက်)