Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပေါက်ခေါင်းမြို့နယ်တွင် ပြည်မြို့ကုတင် (၅၀၀) ပြည်သူ့ဆေးရုံကြီးမှ ဓာတ်မှန်အထူးကု ဆရာဝန် ဦးဆောင်သောအဖွဲ့မှ အခမဲ့ကွင်းဆင်းကုသ
Jun 05,2024
ပြည်မြို့ ကုတင်(၅၀၀) ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ လှိုင်ဝါဝါလင်း (အထူးကုဆရာဝန် ဓာတ်မှန်) ဦးဆောင်သော ဆရာဝန်များနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံသံဃာဆောင်၌ ULTRASOUND တီဗီဓာတ်မှန် ရိုက်ရန်လိုအပ်သောလူနာများအား အခမဲ့စမ်းသပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်
Jun 05,2024
“သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး၊ မြေယာပြန်လည်ပြုပြင်ပေး" ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်
Jun 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါ့သရောက်မြို့ မီးသတ်ဦးစီးဌာနမှ အ.ထ.က (ငါ့သရောက်) ကျောင်းသောက်သုံးရေ သွားရောက်လှူဒါန်း
Jun 05,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ ငါ့သရောက်မြို့ အ.ထ.ကကျောင်းသို့ ယနေ့နံနက် (၉) နာရီအချိန်တွင် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ သွားရောက်လှူဒါန်းကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပ
Jun 05,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် (၅၁) နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသီဟနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ ကြီးနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် ထီးလိုမင်းလိုဂူဘုရားအတွင်းရှိ ဆင်းတုတော်(၉)ဆူအား ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 05,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အေဒီ(၁၂၁၁-၁၂၃၁)ဇေယျသိင်္ခ နားတောင်းများ မင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် ထီးလိုမင်းဘုရားကြီး အထက်ပစ္စယံရှိ ဆင်းတုတော်(၄)ဆူနှင့် အောက်ပစ္စယံရှိ ဆင်းတုတော်(၅)ဆူတို့အား ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်း အဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ စားသုံးဆီအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကြပ်မတ်စစ်ဆေး
Jun 05,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ကြပ်မတ်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (စက္ကော့) ရှိ ကျောင်းသူ/ကျောင်းသားများအား တွေ့ဆုံအားပေ…
Jun 05,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ရောက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်ပညာရေးမှူး ဦးကျော်စိုးလှိုင်၊ ဆရာ/ဆရာမနှင့်တွေ့ဆုံ၍ ကျောင်းအပ်နှံမှု အခြေနေများနှင့် ပညာရေးကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးမှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5888
Page
5889
Page
5890
Page
5891
Current page
5892
Page
5893
Page
5894
Page
5895
Page
5896
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department