ညောင်လေးပင်မြို့နယ် ဘိုးဘွားရိပ်သာရှိဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး

ညောင်လေးပင် ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က စေတနာလူမှုကူညီရေးအသင်း၌ ဆောင်ရွက်ပေးခဲ့သည်။

ကျန်းမားရေးစောင့်ရှောက်မှုများပြုလုပ်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းဌေးဦးနှင့် ၀န်ထမ်းများက ဘိုးဘွား (၁၆) ဦးတို့အား တိုင်းရင်းဆေးများဖြင့် သက်ဆိုင်ရာရောဂါအလိုက် နှိပ်နှယ်ပေးခြင်း၊ ဆေးစည်းပေးခြင်း၊ သောက်ဆေး၊ စားဆေးများပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို သတ်မှတ်ထားသောနေ့များအလိုက် ဆက်လက်ကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်တိုင်းရင်းဆေးမှူးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)