အမြို့မြို့အနယ်နယ်သတင်းများ

Jun 15,2024
ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ (၃၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အ.မ.က(၈) အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိဈေးများ၌ အမဲ၊ ဝက်၊ ဆိတ်သားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိကို ဇွန်လ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ၊ မြို့မစည်ပင်သာယာဈေးနှင့် ဒါးကမြို့မဈေးသို့သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Jun 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မိုးရာသီတွင်အဖြစ်များသည့်  သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် အသိပညာပေး ဟောပြောပွဲနှင့် ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၈) အခြေခံပညာမူလတန်းကျောင်းတွင် ချောင်းသာမြို့တိုက်နယ်ကျန်းမာ‌ရေးဌာနကဦးဆောင်ပြီး ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။
Jun 15,2024
ကော့သောင်းနယ်စပ်ကုန်သွယ်ရေးအနေဖြင့် ရေထွက်ပစ္စည်းအဓိက ပြည်ပသို့တင်ပို့လျက်ရှိသော စခန်းတစ်ခုဖြစ်၍  နှစ်စဉ်ရေထွက်ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိရာ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လအလိုက်တင်ပို့ရန် လျာထားမှုများအား ပြည့်မီနိုင်ရေးလက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ယမန်နေ့နံနက် ၇ ခန့်က ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်ရှိ ကော့သောင်း FOB စစ်ဆေးရေးစခန်းတွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jun 15,2024
စစ်ကိုင်းတောင်ရိုးရှိ ဘုရား၊ စေတီပုထိုးများသို့ လာရောက်ဖူးမြော်ကြမည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ အဆင်ပြေစွာတည်းခိုနိုင်ရေးအတွက် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး သာသနာ့ဗိမာန်တော်အောက်ထပ်တွင် ဆောင်ရွက်ထားသည့် “ရွှေတောင်ရိုး မိုတယ်” ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး မုဒ်ဦးရှေ့တွင်ကျင်းပရာ အခမ်းအနားသို့တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jun 15,2024
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် တိုက်ကြီးခရိုင်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များလှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ကောင်းသန့်စာကြည့်တိုက်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
Jun 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဩဝါဒခံယူပွဲနှင့် အလှူငွေဆက်ကပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ သာသနာ့ဗိမ္မန် တော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
Jun 15,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ တိုးတက်မြှင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၄ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ မြစ်ကြီနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။