သံတောင်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသူ/ကျောင်းသားများထံသို့ စာအုပ်စာစောင်များ ငှားရမ်းပေး

သံတောင်ကြီး ဇွန် ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသူ၊ ကျောင်းသားများ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်ရန် ယမန်နေ့ နေ့လယ် () နာရီအချိန်က နယ်လှည့်စာကြည့်တိုက်ကို သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်း၍ ကျောင်းသူ/ကျောင်းသားများအား  စာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်များ ကွင်းဆင်းငှားရမ်းပေးရာတွင် သုတစာအုပ်၊ ဝတ္ထု၊  ဂျာနယ်၊  မဂ္ဂဇင်း၊ ပုံပြင်၊ ရုပ်ပြ စသည့်စာအုပ်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သည့် စာအုပ်များအား   တစ်ပတ်လျှင်တစ်ကြိမ် စာအုပ်အသစ်များဖြင့် အပတ်စဉ် ကွင်းဆင်းငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ