အမြို့မြို့အနယ်နယ်သတင်းများ

Jun 24,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီအလိုက် သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ချောင်းပိတ်၊ မြောင်းပိတ်၊ လျှပ်စစ်ရေတင်၊ မိုးကောင်းသောက်ရေနှင့် မြေအောက်ရေတင်စနစ်များဖြင့် ခရိုင်အတွင်းရှိ မြို့နယ်များ၌ မိုးရာသီ သီးနှံစုံ ၆၄၅၇၉၃ ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jun 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အ. မ. က လမ်းမတော်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သိရှိစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 24,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးစီးဌာနက အခြေခံပညာကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 24,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးစီးဌာနက အခြေခံပညာကျောင်းများသို့ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 24,2024
သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့‌ကြောင်း သိရသည်။
Jun 24,2024
၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သင်္ဘောသားနေ့ (Day of The Seafarer) အားဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်ကကြီးမှူးပြီး စုပေါင်းငွေလှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ အမျိုးသား သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
Jun 24,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Jun 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး ဟော ပြောပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။