ဟိုပုံး ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး ဟော ပြောပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
အသိပညာပေး ဟောပြောပွဲတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်တင်အေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်လဲ့လဲ့မွန်က ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောရာတွင် ကျွန်ုပ်တို့၏ နေ့စဉ်လူနေမှုဘဝတွင် အအေးပစ္စည်းများနှင့် အပူချိန်ထိန်းညှိနည်းပညာများ၏ ထိရောက်စွာ အကျိုးသက်ရောက်မှုရှိပုံနှင့် အဆင့်မြှင့် အအေးပေး နည်းပညာများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်များ၏ ပတ်ဝန်းကျင်သာယာရေးအတွက် မြှင့်တင်ဆောင်ရွက်နိုင်ပုံများကို ပြည်သူလူထုအား အသိပညာ ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ ဖြစ်ပေါ်လာပုံ၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် လှုပ်ရှားမှုများ ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ အအေးပေးဒြပ်ပစ္စည်း၊ အအေးပေးစက်ပစ္စည်းများ စတင်အသုံးပြုပုံ၊ အအေးပေးနည်းပညာအသုံးပြုသော စက်ပစ္စည်းများအသုံးပြုပုံ၊ အအေးပေးဒြပ်ပစ္စည်းအုပ်စုတွင် ပါရှိသော ဓာတုပစ္စည်းများ၊ အအေးပေးပစ္စည်းများ၏ ကောင်းကျိုး၊ ဆိုးကျိုးများကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုမျှတရေးနှင့် ဘေးကင်းလုံခြုံရေးတို့အတွက် ထည့်သွင်းစဉ်းစားနည်း၊ အိမ်တွင်လေအေးပေးစက် ရွေးချယ်တပ်ဆင်ထိန်းသိမ်းခြင်းဆိုင်ရာ အကြုံပြုချက်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အမေး/အဖြေပြုလုပ်၍ ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)