Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပြင်ဦးလွင်မြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကျင်းပမည်
Jun 24,2024
လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသားလူငယ်များအား စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇွန်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ပြင်ဦးလွင်မြို့ ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “ငဩ” စာအုပ်စာဖတ်ဝိုင်းကျင်းပ
Jun 24,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲ(၁)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာဗန်းမော်တင်အောင် ရေးသားသည့် “ငဩ” စာအုပ်စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်
Jun 24,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ
Jun 24,2024
ကယားပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရုံး၊ ပညာဗိမ္မာန်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ
Jun 24,2024
နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ်လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက ပြင်ပစာပေအသိပညာဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက လားရှိုးမြို့၊အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး၊ သတင်းစာဆရာအသင်းနာယက ဦးကျော်လှနှင့် စာရေးဆရာများမှ ကျေးရွာရွေ့လျားစာကြည့်တိုက်သို့ အလှူငွေနှင့် သုတရသစာအုပ်များ စုပေါင်းလှူဒါန်း
Jun 24,2024
ပဲခူးတိုင်းဒေသကြီး၊ သတင်းစာဆရာအသင်းနာယက ဦးကျော်လှနှင့် စာရေးဆရာများမှ စုပေါင်း၍ တောင်ငူမြို့နယ်၊ သျှားယားကုန်းကျေးရွာရှိ" ဒို့ကျေးရွာရွေ့လျားစာကြည့်တိုက်" သို့ အလှူငွေနှင့် သုတရသစာအုပ်များ စုပေါင်းလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ ဓါတုကလျာလမ်းရှိ သမာဓိဂေဟာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများစုပေါင်းဆောင်ရွက်
Jun 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေး
Jun 24,2024
စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ ပျဉ်းမနားမြို့အနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင် (၁၀၆) ဆိုင်ရှိသည့်အနက် (၆)ဆိုင်မှာ ယာယီပိတ်သိမ်းထားရှိပြီး ဖွင်လှစ်ရောင်းချလျက်ရှိသောအရောင်းဆိုင် (၁၀၀) အား အရည်အသွေး၊ အခြင်အတွယ်ပြည့်ဝမှန်ကန်မှု ရှိ/မရှိနှင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ နေ့စဉ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ တို့အားဌာနပိုင် Mobile Fuel Lab ယာဉ်ဖြင့် လစဉ် ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ လိုင်စင်ရစက်သုံးဆီ အရောင်းဆိုင် (၉၄) ဆိုင်အားလည်းကောင်း၊ ဇွန်လ(၁)ရက်နေ့မှ(၂၃)ရက်နေ့အတွင်း စက်သုံးဆီ အရောင်းဆိုင် (၁၅) ဆိုင် အားလည်းကောင်း အရောင်းဆိုင် စုစုပေါင်း (၁၀၉) ဆိုင်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီးဖြစ်၍ ပထမ (၆) လတာ ကာလအတွင်း (၁၀၀) ရာခိုင်နှုန်း ကျော် စစ်ဆေးဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့စစ်ဆေးဆောင်ရွက်ခဲ့သော အရောင်းဆိုင်များမှာ အရည်အသွေး၊ အခြင်အတွယ် ပြည်ဝမှန်ကန်မှုရှိကြောင်းနှင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5654
Page
5655
Page
5656
Page
5657
Current page
5658
Page
5659
Page
5660
Page
5661
Page
5662
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department