သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကလိန်အောင် ဇွန် ၂၄

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့‌ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊ ဥယျာဉ်အုပ်ချုပ်ရေးမှူး၊ စီမံကိန်းဦးစီးအရာရှိနှင့် တိုးချဲ့ပညာပေးဝန်ထမ်းတို့မှ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ ဆောင်ရွက်လျက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ကြပြီး ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်များ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၁၈၇ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)