အမြို့မြို့အနယ်နယ်သတင်းများ

Jun 24,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်း အမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Jun 24,2024
မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂ လမ်း၊ ၇၃ လမ်းထောင့်ရှိ မန္တလေးလူငယ်သင်တန်းကျောင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Jun 24,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသားတံခွန်စိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီက တက္ကသိုလ်မိုးလုံလေလုံ ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပခဲ့သည်။
Jun 24,2024
ပြည်ထောင်စုနယ်မြေ၊ စာကြည့်တိုက်များဖောင်ဒေးရှင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။
Jun 24,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် ပူးပေါင်းကာကွယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 24,2024
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အဖြစ် “အပူချိန်ထိန်းညှိနည်းပညာတိုးတက်ရေး၊ အလေးထားဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။
Jun 24,2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် International Private ကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီက International Private ကိုယ်ပိုင်ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 24,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် အသက် ၁၈ နှစ်နှင့် အထက် (စတုတ္ထအကြိမ်မူကြမ်း) စာရင်းစစ်ဆေးခြင်းနှင့် ကွန်ပျူတာဖြင့် စာရင်းများ ထည့်သွင်းခြင်းလုပ်ငန်းများကို ဇွန်လ ၂၀ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။