မိုင်းနောင်မြို့ အထကကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲဆုပေးပွဲပြုလုပ်

မိုင်းနောင် ဇွန် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲဆုပေးပွဲကို ၂၀၂၄ ခုနှစ် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများအားလုံး မူးယစ်ဆေးဝါး၏ ဆိုးကျိုးများသိရှိစေရန်နှင့် မူးယစ်ဆေးဝါးအလွဲသုံးမှုများကြောင့် ပြစ်မှု၊ ပြစ်ဒဏ်များ ကျခံနိုင်ခြင်းမျာကို သိရှိစေရန်ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသော ဌာနဆိုင်ရာများမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

မိုးသောက်